မင်္ဂလာပါ... Admin Kပါ ခင်ဗျ.. လက်တို့ ကြော်ငြာလေး ပြောပြမလို့... မြန်မာပြည်က သူငယ်ချင်းတွေ မွေးနေ့ကိတ်တွေမှာရင် ပုံမှန် ပန်းကိတ်လို့ခေါ်တဲ့ cream ထူထူတွေနဲ့လုပ်ထားတဲ့ ကိတ်တွေကို မှာကြတာများပါတယ်.. ကျွန်တော်ကတော့ အဲဒီ ပန်းကိတ်တွေကို မကြိုက်ဖူး.. စားပြီးရင် လျှာထူပြီး ပါးစပ်ထဲ တစ်မျိုးကြီးဖြစ်ပြီးကျန်ခဲ့လို့..
ကျွန်တော် ရန်ကုန်ရောက်တုန်း သွားထိုင်ပြီး tiramisu စားခဲ့တဲ့ ကော်ဖီဆိုင်မှာ မွေးနေ့အတွက် tiramisu ကိတ်တွေ special order မှာလို့ရတယ်ဆိုတာ သိခဲ့တယ်.. အဲဒါနဲ့ မပြန်ခင် ဒီနေ့ကျရောက်တဲ့ သူတစ်ယောက်အတွက် မွေးနေ့ သူမသိအောင်မှာပြီး မွေးနေ့မှာ သွားယူဖို့ surprise လုပ်ခဲ့တယ်.. ကျွန်တော်ကတော့ မပြန်ခင်လည်း အဲဆိုင်မှာ ကိတ်မုန့်မှာရင်း နောက်တစ်ခေါက် သွားစားခဲ့သေးတယ်... ခု မြန်မာပြည်ကပြန်လာပြီမလို့ ဒီမွေးနေ့ကိတ်ကို မစားရတော့ဘူး.. မွေးနေ့ရှင် နဲ့ သူ့အိမ်သူအိမ်သားတွေကတော့ ကောင်းလွန်းဆိုပြီး လုနေကြတယ်ဆိုပဲ..
ပန်းကိတ်တွေကို ရိုးနေတဲ့၊ မကြိုက်တဲ့ သူငယ်ချင်းတွေကို လက်တို့တာပါ... ရန်ကုန်မှာ တကယ့် tiramisu အရသာစစ်စစ်ရတဲ့ ဆိုင်က ပုံစံ အထူးအဆန်းလေးနဲ့ ခင်မင်တဲ့သူတွေ၊ ချစ်သူတွေအတွက် လုပ်ပေးလို့ရအောင်ပါ... ၃ ရက်တော့ ကြိုမှာရပါတယ်...
ဆိုင်နာမည်လေးကတော့
Meringue Cafe, အမှတ် 60/70, ငုဝါလမ်း၊ အလုံမြို့နယ်၊ ရန်ကုန်။
ဖုန်းနံပါတ်က +95 9972431791

No comments:
Post a Comment