Saturday, March 26, 2016

ဗီယက်နမ်အစားအသောက်တွေရတဲ့ Sigon Cafe

Pork Ham Baguette

Baguette ဆိုတာ ပြင်သစ်ပေါင်မုန့်အချောင်းထဲကို အသားတွေ အသီးအရွက်တွေ ထည့်စားရတာပေါ့။ Baguette စားလို့အရမ်းကောင်းတဲ့ဆိုင်တစ်ဆိုင် ပြောပြချင်တယ်။ ဒဂုံ၁ဘေးက နဝဒေလမ်းထဲက Sigon Cafe ပါ။ နေရာအရင်ပြောပြပေးမယ်။ ဒဂုံ၁ကျောင်းဘေးကဝင်ဝင်ချင်း လမ်းထိပ်နားပဲ
အနားမှာ ကုံးထက်ကြက်ဆီထမင်းရှိတယ်။

Admin N စားတာကတော့ ဗီယက်နမ်ကော်ပြန့်လိပ်လို့ပဲ ပြောရမယ်။ ဆန်ပြားအကြည်လေးထဲမှာ မုန့်ဖက် ဝက်သား ပင်စိမ်း အသီးအရွက်တွေ ထည့်လိပ်ထားတာကို ပဲနှစ်လိုဟာနဲ့ တို့စားရတာပါ။ အရမ်းကြိုက်တဲ့ အထဲမှာတော့ မပါဘူး။
အရမ်းကြိုက်တာကတော့ BBQ Pork Baguetteပါ။

ပေါင်မုန့်ထဲမှာ ဗီယက်နမ်ဝက်သားကင် သခွားချဉ် သခွားသီး ဆလတ်ရွက် မုန်လာဥနီတို့ကို အရသာသွင်းပီး နှပ်ထားတာပါ။ ငြုပ်သီးလဲပါတော့ ချိုတလှည့် စပ်တလှည့်နဲ့ ... အရမ်းစားလို့ကောင်းတာပေါ့။

Admin Jကတော့ Hamကြိုက်တဲ့လူဆိုတော့ Pork Ham Baguette စားတယ်။ သူ့အကြိုက်ကလဲကောင်းပါတယ်။ ဖော်ရိန်နာတော်တော်များများလဲ လာစားကြတာတွေ့တယ်။ ဈေးနှုန်းတွေကတော့ တစ်ခုကို ၃၅၀၀ ပတ်ဝန်းကျင်ဆိုပေမဲ့ တစ်ခုဆိုတစ်ခု အီနေအောင်စားရပါတယ်။ အစားနည်းတဲ့သူဆိုရင် နှစ်ယောက်ကိုတစ်ခုစားရင်တောင် ဝပါတယ်။

နောက်ထပ် အရမ်းကြိုက်တာကတော့ Garlic Bread နဲ့ Butter Breadပါ။ ဈေးနှုန်းကလဲ တစ်ထုပ်ကို ၅၀၀ ဆိုတော့ အိမ်ကို ငါးထုပ်လောက် ပါဆယ်ဝယ် တစ်ပတ်လုံးထိုင်စားလိုက်တယ်လေ။ အရသာလဲ တကယ်ကောင်းလို့ပါ။ Admin Nရဲ့ သဘောအရ Rating ပေးရရင်တော့

အရသာ****
ဝန်ဆောင်မှု***
ဈေးနှုန်း ***
သန့်ရှင်းမှု ***

စားသုံးသူတွေရှေ့တင် ချက်ချင်းပြင်ပေးတာ

Hamရယ် ဝက်သားကင်ရယ် တူနာတွေရယ်

BBQ Pork Baguette

ဗီယက်နမ်ဆန်ပြားလိပ်

Admin N သောက်နေကျ Americano

သရက်သီးကြိုက်တဲ့သူတွေ အရမ်းကြိုက်မယ့် Mango Madness

တစ်ထုပ်၅၀၀ဆိုတဲ့ Garlic Bread

Baguette ဆိုတာ ဘာလဲဆိုပီးပြထားတာ

Menu တချို့

Menuတချို့

ဗီယက်နမ် ကော်ပြန့်

No comments:

Post a Comment

Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box