![]() |
ဆိုင်နာမည်ရယ်လို့ မတွေ့ရဘဲ ခုလို ရေးထားတာလေးပဲ တွေ့ရတယ်။ ကိုယ်ပဲ လျှမ်းသလားတော့ မသိ။ |
ရာသီဥတုက ပူလာတော့ အစားအသောက်က ပျက်ချင်ချင်မှာ အစပ်အရသာလေးနဲ့ ရခိုင်အစားအစာတွေက ခံတွင်းပြန်ဖွင့်ပေးလိုက်သလိုဖြစ်မယ်ထင်တယ်လေ။ ဒါနဲ့ ထွက်စားဖြစ်တယ်။ ဆိုင်ရောက်တော့ ရောင်းတဲ့အစ်မတစ်ယောက်က အတော်လေးနှုတ်ချိုပါတယ်။ ရခိုင်မုန့်တီနဲ့ ပင်လယ်စာတွေရပါတယ်။ ကျွန်တော်ကတော့ ရခိုင်ထမင်းသုပ်လေး မြည်းကြည့်မိတယ်။ ကြက်ဥကြော်လေး အုပ်ပေးတဲ့ ထမင်းသုပ်မှာ ငါးနီတူးခြောက်လေးတွေ ဖြူးပေးတယ်။ စားကောင်းပါတယ်။ Foodaholic - Myanmar က လမ်းဘေးဆိုင်လေးတွေ စိတ်ဝင်စားတဲ့သူတွေကို လက်တို့ချင်လို့ တခြားဟာလေးတွေ မှာပြီး မြည်းစမ်းကြည့်မိတယ်။ ငါးနီတူးခြောက်သုပ်၊ ရေဘဝဲသုပ် နဲ့ ရှောက်သီးသုပ် တို့ကိုတော့ ရခိုင်သုပ်လေး သုပ်ခိုင်းလိုက်တယ်။ ကျောက်ပွင့်သုပ်ကိုတော့ ဗမာသုပ်လေးပေါ့။ ရခိုင်သုပ်က အစပ်ပိုကဲတော့ နေပူပေမယ့် ချွေးလေးတွေထွက်ပြီး နေရထိုင်ရကောင်းသွားသလိုပဲ။
ရှောက်သီးသုပ်လေး အရမ်းကြိုက်တယ်။ ပုဇွန်ခြောက်အကြီးကြီးတွေနဲ့ သုပ်ပေးတာ အရမ်းစားကောင်းပါတယ်။
![]() |
ရှောက်သီးသုပ်ကို ရခိုင်သုပ် သုပ်ပေးတာ ရှူးရှူးရှဲရှဲနဲ့ စားလို့ သိပ်ကောင်းတယ်။ ပုဇွန်ခြောက်ကြီးတွေလည်း များကြီးထည့်ပေးတယ်။ |
တစ်ခုတော့ရှိတယ်။ လမ်းဘေးမှာဖွင့်တဲ့ဆိုင်လေးဆိုတော့ ပင်လယ်စာကို အရမ်းကြီး လတ်ဆတ်နေဖို့တော့ မျှော်လင့်လို့ မရဘူးပေါ့။ မနက်ကတည်းက ပြုတ်ထားတဲ့ပုံပေါ်တဲ့ ပင်လယ်စာတွေကို ပြင်ဆင်ပေးတာပါ။ ငါးနီတူးလို အခြောက်အခြမ်းသုပ်ပေးတာကတော့ အဆင်ပြေပါတယ်။ ဖောရွေပုံရပေမယ့် စားဖို့ တူ တောင်းတာတွေ ဟင်းရည်အလိုက်တောင်းရင် ပစ်ချပေးတာမျိုးကိုတော့ ပြင်ဆင်စေချင်တယ်။ သန့်ရှင်းမှုလေးကတော့ ထုံးစံအတိုင်း မေ့ထားလိုက်ရတယ်ပေါ့။ နေပူ၊ နွေပူ လို့ အစားအသောက်ပျက်ရင်တော့ ရခိုင်စာလေးနဲ့ ချွေးထုတ်ရင်း စားကောင်းအောင်ပြန်လုပ်ကြည့်ပါဦးလို့ လမ်းဘေးဆိုင်စားတတ်တဲ့သူတွေကို ပြောပြချင်ပါတယ်။
![]() |
ရခိုင်ထမင်းသုပ်ကို ငါးနီတူးခြောက်လေးတွေဖြူးပြ |
![]() |
ရခိုင်မုန့်တီသုပ် |
![]() |
ကျောက်ပွင့်သုပ်ကိုတော့ အရမ်းမစပ်အောင် ဗမာသုပ်လေး အဖြူထည် သုပ်ခိုင်းလိုက်တယ်။ |
![]() |
ရေဘဝဲသုပ်ပါ။ အရမ်းမလတ်ပေမယ့် အချဉ်နဲ့ အစပ်အဟပ်အဆင်ပြေတော့ စားလို့ အိုခေပါတယ်။ |
![]() |
ငါးနီတူးခြောက်သုပ် |
![]() |
ဟင်းရည် အလကားတိုက်ပေမယ့် ငါးဖယ်တွေ အကြော်တွေထည့်ခိုင်းရင်တော့ |
![]() |
အချိုတည်းဖို့အတွက် မုန့်လက်ဆောင်း လည်းရတယ်။ နှမ်းဖြူးပေးတာလေးလည်း ကြိုက်တဲ့သူအတွက် ကောင်းပါတယ်။ |
![]() |
ဆိုင်မှာ မှာယူစားသောက်နိုင်တဲ့ အစားအစာစာရင်း |
No comments:
Post a Comment