ကျွန်တော် Admin J ပါ။
ပို့စ်တွေမရေးဖြစ်တာလည်းကြာပီ.. တခြား Admin သူငယ်ချင်းတွေ အားကိုးနဲ့ အပျင်းကြီးနေတာ။ ခုတော့ ဈေးသက်သာပီး စားကောင်းတဲ့ ဆိုင်း လေးတစ်ဆိုင်တွေ့ထားလို့ လက်တို့ပီးတော့ ပြောပါရစေ။
ဆိုင် နာမည်က ဒဂုံကျော် ပါ။ မြောက်ဒဂုံ မတလ လမ်းဆုံနား ပြည်ထောင်စု လမ်းမကြီးပေါ်မှာပါ။ အဓိက ရောင်းတာ တော့ ရခိုင် အစား အစာပေါ့။ မင်းလမ်း စားလို့ ရိုးလာတဲ့ သူငယ်ချင်းတွေ လမ်းကြုံရင် တစ်ခါလောက် မြည်းစမ်းကြည့်ကြပါဦး။ ရနိုင်တဲ့ စားစရာတွေနဲ့ ဈေးနှုန်းတွေကို ဓါတ်ပုံရိုက်ပြီး တင်ပေးလိုက်တယ်။
ထူးခြားတာကတော့ set Manu တစ်ယောက်စာပွဲလေးတွေရတယ်။ အဓိက ဟင်းတစ်မျိုးရယ် ဟင်းရည်သောက်ရယ် အသီးအရွက်ဟင်းရယ် ငါးပိထောင်းနဲ့တို့စရာ ထမင်းစားပီးရင် စားဖို့ အသီး တစ်မျိုး ပါ ပါသေးတယ်။ ဈေးကလည်း သင့်တင့်တယ်။ တစ်ယောက်တည်းသွားစားမယ့်သူတွေအတွက် အဆင်ပြေတယ်လေ။ ဆိုင်အပြင်အဆင်လေး လည်းသင့်တင့်တယ်။ ဆက်ဆံရေးနဲ့ သန့်ရှင်းမှုလည်း သင့်တင့်ပါတယ်။ ကားပါကင် လေးလည်းရှိတော့ ကိုယ့်ကားနဲ့သွားမယ့်သူတွေအတွက် လည်း အဆင်ပြေပါတယ်။ အသေးစိတ်ကို ဓါတ်ပုံတွေမှာ ကြည့်လိုက်နော်။ ကျတော် က စာရိုက်ပျင်းတယ်။။ ခိခိ
No comments:
Post a Comment