Friday, March 25, 2016

သင်္ကြန်တွင်းဖွင့်တဲ့ the Gallery Cafe


ကျနော်ကတော့ အပြင်မှာထိုင်ရတာပိုကြိုက်တယ်

ဒီဆိုင်လေးကလဲ သင်္ကြန်တွင်းဖွင့်ပါမယ်တဲ့
ဆိုင်အသစ်လေးပါ 
နောက်ပီး အထူးအစီအစဉ်အနေနဲ့ ဒီပို့စ်လေးကို မိမိwallပေါ်မှာရှဲပါ။ နောက်ပီး ဆိုင်ကိုလာစားတဲ့အခါ Check in ဝင်ပါ။ ဒါဆိုရင် မိမိစားသမျှရဲ့ 10% discount ပေးပါမယ်လို့ပြောထားပါတယ်။
April လကုန်အထိပဲနော်
ဒီဆိုင်က အင်းလျားလမ်းနဲ့နီးတာမို့ ပြည်လမ်းဘက်ကဏ္ဍပ်အပြန်တွေ နေ့လည်စာချိန်တွေမှာ လာစားလို့ အဆင်ပြေမှာပါ
ဆိုင်နာမည်က 
the Gallery CAFE ပါ
လိပ်စာက 98(C) အင်းလျားလမ်းပါ ...
အနီးစပ်ဆုံးပြောရရင် Bar Dubai ရဲ့ဘေးကပ်လျက်
လမ်းထိပ်မှာ Technoland ဆိုတဲ့ဆိုင်ရှိပါတယ်။
ဆိုင်အပြင်အဆင်ကို ပြောရမယ်ဆိုရင်
ဆိုင်တွင်းမှာ နာမည်နဲ့လိုက်အောင် နိုင်ငံကျော် ပန်းချီဆရာတွေရဲ့ လက်ရာတွေရှိပါတယ်။ ပန်းချီကားကြိုက်တဲ့လူတွေအတွက်တော့ ကော်ဖီလေးသောက် ပန်းချီကားလေးတွေခံစားနဲ့ တကယ့်နိဗ္ဗာန်ဘုံပါပဲ
Admin N သွားထိုင်တုံးကတော့ ဆိုင်အပြင်မှာပဲ ထိုင်ခဲ့တယ်။ အဲနေရာကို ပိုကြိုက်လို့ပါ။
စားခဲ့တဲ့ အစားသောက်တွေထဲက သင်္ကြန်ကာလ ရေစိုစိုနဲ့လိုက်ဖက်မယ့် အစားအသောက် ၂ခုကိုပြောပြမယ်။
ဂဏာန်းချဉ်စပ်ချက်နဲ့ ကိုတံငါဟင်းရည်

ဂဏာန်းချက်မှာ အရေးအကြီးဆုံးက ဂဏာန်းရဲ့လတ်ဆတ်မှုပါ
ဂဏာန်းမလတ်ရင် ဘယ်လိုမှစားမဖြစ်ဘူး။
ဒီဆိုင်ရဲ့ဂဏာန်းက တော်တော်လတ်ပါတယ်။
ပြီးတော့ အသားပြည့်တယ်။
နောက်ပီးတော့ အနှစ်ပါ။
ကျနော့်အကြိုက်ကတော့ ထမင်းနဲ့ နယ်စားလို့ရတဲ့ အနှစ်အနေအထားကိုကြိုက်ပါတယ်။ ပေါင်မုန့်နဲ့တို့စားလဲ အဆင်ပြေပါတယ်။ နောက်ပီး လက်မတွေထဲအထိ အနှစ်အရသာဝင်အောင် ဖောက်ချက်ထားတာ အရမ်းသဘောကျတယ်။ ( ကျနော့်အကြိုက်ဆုံးက ဂဏာန်းတက်မကိုး )
တခြားဂဏာန်းချက်တွေ ( မဆလာချက် ယိုးဒယားချက် ဂဏာန်းပျော့ချက်တွေ ရှိပေမဲ့လဲ့ ကျနော်ကတော့ ချဉ်စပ်ချက်ပဲ စားပါတယ်။
သင်္ကြန်တွင်း ဗိုက်ဆာဆာ အနှစ်နဲ့ထမင်းနဲ့နယ်စား ပီးရင် ဂဏာန်းလေးကိုက် 
အဆင်ပြေမယ်ထင်ပါတယ်။
ကိုတံငါဟင်းရည်ကတော့ သင်္ကြန်တွင်း ဘီယာတို့ ယမကာတို့နဲ့ လိုက်ဖက်မယ်ထင်ပါတယ်။
တခြားအသားကြော်တွေနဲ့မြည်းတာထက်
ဒီလိုချဉ်စပ်ဟင်းလေးစားလိုက် အစပ်ပြေတခုခုသောက်လိုက် အဲတာကတော့ ကျနော့်အကြိုက်မို့
လူတော်တော်များများလဲ ကျနော်နဲ့အကြိုက်တူမယ်ထင်ပါတယ်။
သင်္ကြန်တွင်း ရနိုင်မယ့် Menu တွေလဲ ဓါတ်ပုံရိုက်တင်လိုက်ပါတယ်။

မေ့နေမှာစိုးလို ထပ်ပြောမယ်နော်
ဒီပို့စ်ကို Share ပါ။ ဆိုင်မှာ Check in ဝင်ပါ 
10% discount ရပါလိမ့်မယ်
ကဲ နောက်ထပ်နောက်ထပ် သင်္ကြန်တွင်းအတွက် ဆိုင်တွေလာဦးမှာမို့ စောင့်မျှော်ပေးကြဦးနော်
ဂဏာန်းချဉ်စပ်

ကိုတံငါဟင်းရည်

ဆိုင်အတွင်းပိုင်း

Menu
ရွှေဟင်္သာတဆိုလို့ တခြားဆိုင်မမှတ်နဲ့ Cafe Gallery နဲ့ အတူတူပဲ


Menu

No comments:

Post a Comment

Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box