Saturday, March 26, 2016

ချောင်းသာသွားရင် မအေးဆီမှာစား

Admin N တို့အဖွဲ့။  Admin J နဲ့ Admin Z လဲပါတယ် ....

Admin Nတို့သူငယ်ချင်းတတွေ အားတိုင်းသွားနေကျ နေရာတစ်ခုရှိတယ် ...
ချောင်းသာကမ်းခြေပါ။

သွားလာရလွယ်ကူတယ်။ အစားအသောက်တွေ စားကောင်းတဲ့အပြင် ဈေးလဲချိုတာလေ 
ချောင်းသာရွာထဲက ထမင်းချက်ပေးတဲ့ အမကြီးတွေက လက်ရာကောင်းတဲ့အပြင် စေတနာလဲကောင်းပါတယ်။ 

Admin N မှာစားနေကျ အမကြီးကတော့ မအေး လို့ခေါ်ပါတယ်။ မအေးက အရင်တုံးကတော့ ကမ်းခြေဆင်းပီး ရောင်းပေမယ့် အခုတော့ သူ့အိမ်ဆိုင်လေးဖွင့်ပီး အော်ဒါပဲ လက်ခံတော့တယ်။

ပင်လယ်စာ သုံးမျိုး အရွက်ကြော်တစ်မျိုး ငါးပိထောင်း ဟင်းရည်သောက် ထမင်း ပန်းကန်ဇွန်း အပါအဝင် တစ်ယောက်စာကို ၃၀၀၀ ပါ။
ပင်လယ်စာလေးမျိုးနဲ့ဆို ၃၅၀၀
ပင်လယ်စာ ငါးမျိုးနဲ့ဆို ၄၀၀၀ ပါ ...

ဖုံးဆက်ပီးမှာရတယ်။ Admin N တို့ကို ချက်ကျွေးနေကျဆိုတော့ မိသားစုလို ဖြစ်နေပါပီ။
သန့်ရှင်းလတ်ဆတ်လို့ တခါမှ ဝမ်းပျက်ဝမ်းလျှော မဖြစ်ဖူးပါဘူး။
တစ်ခုရှိတာက သူက မြန်မာဟင်းရခိုင်ဟင်းပဲရတာ။ ကျောက်ပုစွန်ကို ထောပတ်နဲ့ကင်တာတို့ကျတော့ သူမလုပ်တတ်ပါဘူး။ ပီးတော့ လူတွေက သူ့ကို စေတနာနည်းတယ်လို့ မထင်ရအောင် ဆီပေါပေါများများနဲ့ချက်တာကြောင့် ဆီမကြိုက်ရင် ဆီလျော့ချက်ခိုင်းရပါတယ်။

Admin N ဘာတွေစားခဲ့တယ်ဆိုတာတော့ အောက်ကပုံတွေမှာ စာနဲ့ရေးပြထားတယ်နော်။
ချောင်းသာရောက်လို့ မအေးကို ချက်ကျွေးခိုင်းမယ်ဆိုရင်တော့ 09422445668 ကိုဆက်ပီး မှာလို့ရပါတယ် ....


မအေးဆီက ဂဏာန်းခွက်ကြော်တွေက သေးတယ်
ဒါပေမဲ့ ကြက်သွန်နီမပါ ဂျင်းမပါဘဲ အသားချည်းပဲ အပြည့်ကြော်ထားတော့ သိပ်ကောင်းတယ်။ ရန်ကုန်ပြန်တိုင်းလဲ လက်ဆောင်အဖြစ်ဝယ်သွားနေကျပေါ့

ဒါကတော့ ကရင်းနဲ့ကြက်ဥ အချိုကြော်ပါ ...
တခါတလေမှရပါတယ်။ မနက်အစောဈေးထဝယ်ရတဲ့အပြင် လတ်ဆတ်မှ စားကောင်းတာကြောင့် နေ့လည်စာပဲ မှာစားတာကောင်းပါတယ်။ ဆိမ့်ဆိမ့်လေးနဲ့ ကျနော်အကြိုက်ဆုံးပါ

ဂုံးသုပ်ပါ ...

ဒါက ဂုံးယောက်မကို ချဉ်စပ်ချက်ထားတာ

ပုစွန်ဟင်းတစ်ခွက်ကတော့ မဖြစ်မနေမှာရပါမယ်။ ဒါလေးက ပုစွန်အချိုချက်ပါ

ဂဏာန်းသားကို ကြိုက်ပေမယ့် အသားထွင်စားရတာပျင်းလို့ ဂဏာန်းအသားထွင် မဆလာချက်ပဲ စားပါတယ်။ ပျော်ပျော်ပါးပါး ဂဏာန်းကိုက်စားချင်ရင် အကောင်လိုက်ချက်ခိုင်းပေါ့

ငါးသောက်ဆမ်းလေ
ချဉ်စပ်အရည်သောက်ဆိုတော့ အမြည်းအနေနဲ့လဲကောင်းတယ်။

ပုစွန်ချဉ်စပ်ဟင်း

ကျောက်ပွင့်သုတ်

ပြည်ကြီးငါးသုတ်

မရွတ်ခေါ်ခရုအချိုချက်

ငံပြာရည်ချက်နဲ့ သခွါးသီး

ငါးပိထောင်း

ကန်စွန်းရွက်ကြော်

ဗူးသီးဟင်းခါး

ပင်လယ်ငါးခြောက်

No comments:

Post a Comment

Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box