Sunday, March 27, 2016

အဆင့်မြင့်လက်ဘက်ရည်ဆိုင် Rangoon Tea House


Foodaholic ရဲ့ Admin တွေအနေနဲ့ ဆိုင်တွေကို review ရေးတဲ့အခါ ဆိုင်အမျိုးအစား စုံစုံလင်လင်ဖြစ်အောင် အမြဲကြိုးစားပါတယ်။ ဈေးချိုပီးစားကောင်းတဲ့ Street Foods တွေပါသလို ဈေးသင့်တဲ့ဆိုင်တွေလဲပါပါတယ်။ ဈေးကြီးတဲ့ Premium Food တွေကိုကြိုက်တဲ့သူတွေအတွက်လဲ review ရေးဖို့ကြိုးစားပါတယ်။
အခု ဘာဖြစ်လို့ ဒီလိုစကားပလ္လင်တွေခံနေလဲဆိုတော့ အခုသွားစားမယ့်ဆိုင်က Rangoon Tea House ဖြစ်နေလို့ပါပဲ ...


ဆိုင်လိပ်စာက ပန်းဆိုးတန်းလမ်း အောက်ဘလောက်မှာပါ
မြန်မာလက်ဖက်ရည်ဆိုင်က အစားအသောက်တွေကို Hotel ဈေးနဲ့ဆိုင်လို့ လူသိများပါတယ်။ 
ဈေးကြီးပေမဲ့ သူ့ပရိသတ်နဲ့သူတော့ ရှိနေတာပဲ
Admin N သွားစားတဲ့အချိန်က နေ့လည် ၁နာရီလောက်
ခုံတော်တော်များများပြည့်ပါတယ်။

သူ့ဆိုင်ပုံစံက လက်ဖက်ရည်ဆိုင်ကို အဆင့်မြှင့်ထားတယ်ပြောရမလား 
ဈေးနှုန်းအနေနဲ့ တချို့ကိုပြောပြရရင်
လက်ဖက်ရည်တစ်ခွက် ၁၅၀၀
မုန့်ဟင်းခါးတစ်ပွဲ ၅၀၀၀ ဝန်းကျင်
ကြက်သားဒန်ပေါက်တစ်ပွဲ ၁၀၀၀၀ကျော်
ပေါက်စီတစ်လုံး ၃၀၀၀ 

Admin N လဲ နိုင်ငံခြားဧည့်သည်တွေကို ဧည့်ခံဖို့ကလွဲလို့ ရောက်ဖြစ်တဲ့ဆိုင်တော့ မဟုတ်ဘူး။
ဒီတခေါက်စားဖြစ်တာကတော့ 
လက်ဖက်ရည်ပေါ့ဆိမ့်နဲ့ ဆိတ်သားစမူဆာ
ဆိတ်သားစမူဆာကတော့ Admin N တော်တော်ကြိုက်တယ်။ အာလူး ပဲစိမ်းနဲ့ ဆိတ်သားအပြည့်အသိပ်နဲ့ စမူဆာအနံ့သင်းသင်း ပူပူနွေးနွေးနဲ့ Admin N တော်တော်ကြိုက်တာပါ။ ကြိုက်လွန်းလို့လဲ ရောက်တိုင်းလဲ ငါးခုတစ်ပွဲကို၄၅၀၀ ဆိုတဲ့ဈေးကို မေ့ပီးစားပါတယ်။
လက်ဖက်ရည်ကတော့ ပေါ့ဆိမ့်ပဲသောက်ပါတယ်။

သူငယ်ချင်းက ကြက်သားဒန်ပေါက်စားတယ်။ 
တစ်ပွဲ တစ်သောင်းကျော်ဆိုတဲ့ဈေးကို မေ့ထားရင်တော့ စားဝင်မယ်ထင်ပါတယ်။ မြေအိုးထဲမှာ ဂျုံအုပ်ပီး ကြက်သားနဲ့ဒန်ပေါက် တခါထဲနှပ်ထားတာပါ။ အထဲမှာ အာလူးသေးသေးလေးတွေပါတယ်။ နီလာဒန်ပေါက်နဲ့ ကြက်လျှာစွန်းစားနေကျ Admin N အတွက်တော့ အရသာပေါ့တယ်လို့ ခံစားမိတယ်။ ပြီးတော့ ဒန်ပေါက်ကို ဘာလချောင်ကြော်မပါဘဲ မစားတတ်ဘူးလေ။ နိုင်ငံခြားသားတော်တော်များများကတော့ ကြိုက်ကြပါတယ်။

နှစ်ယောက်သား စကားပြောရင်း စားတာကတော့ လက်ဖက်သုပ်ပေါ့
လက်ဖက်အဆိမ့်နှပ်လေးက အရသာတော်တော်ရှိတယ်။ တစ်ပွဲကို ၂၅၀၀ ပေးရတယ်။
လက်ဖက်နှပ်အနေနဲ့ စားကောင်းပေမဲ့ လက်ဖက်သုပ်အနေနဲ့ဆို ချဉ်စပ်သုပ်မှ စားကောင်းမှာပါ ...
တချို့ ရနိုင်တဲ့ Menu တွေကို ဓါတ်ပုံရိုက်ပြပေးထားတယ်နော် ...
ဆိုင်အပြင်အဆင်

စမူဆာနဲ့လက်ဖက်ရည်

ကြက်သားဒန်ပေါက်

ကြက်သားဒန်ပေါက်

လက်ဖက်သုပ်











Admin N ရဲ့ rating ကတော့
အရသာ ***
ဝန်ဆောင်မှု ****
သန့်ရှင်းမှု****
ဈေးနှုန်း *

No comments:

Post a Comment

Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box