Monday, June 27, 2016

ဆိုင်သစ်ရဲ့ အပြင်အဆင်

Foodaholic က Admin တွေဆီကို ဖိတ်စာရောက်နေတာ ကြာပြီ။ မနက် အိပ်ရာနိုးမှ ကောက်ခါငင်ကာ သတိရသွားတတ်တာ Admin T ရဲ့ အကျင့်။
ဒီနေ့ မြန်မာပလာဇာ၊ တတိယထပ်မှာ The Pizza Company ဆိုင်ခွဲသစ်ဖွင့်ပွဲ ရှိတယ်ဆိုတာ သတိရမိချိန်က နေ့လည် ၁၀ နာရီကျော်နေပြီ။ ပွဲက ၁၁ နာရီမှ စမှာမို့ ကမန်းကတန်း မောင်းပြေးရတယ်။ Admin N လည်း သတိကောင်းတော့ လာနေပြီလား ဖုန်းဆက်မှ ပွဲက ဘယ်အချိန်လဲတဲ့။ ဒါဆိုလည်း ချိန်းဖို့ မမီနိုင်တော့လို့ တစ်ယောက်တည်း ဒိုးလိုက်တော့မယ်ဆိုပြီး Admin T ပဲ ထွက်လာခဲ့လိုက်တယ်။ မနက် ၁၁ နာရီဝန်းကျင်ဆိုတော့ ကားတော့ အတော်ရှင်းသား။

0

Thursday, June 9, 2016



Foodaholic Myanmar Page ရဲ့ပထမဆုံးသော Review အတွက် ရေးဖြစ်ခဲ့တဲ့ ဆိုင်ကတော့ မန္တလေးကလူတွေ အသည်းစွဲမနက်စာဖြစ်တဲ့ ရှမ်းခေါက်ဆွဲရောင်းတဲ့ဆိုင်လေးပါ။
ဆိုင်နာမည်က ပါလေကာ တဲ့ ....

နေရာကတော့ မန္တလေးတက္ကသိုလ်သွားတဲ့ မိန်းလမ်း Friendလက်ဘက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးလမ်းကြားထဲက ဆိုင်လေးပါ။
ဆိုင်မှာရနိုင်တာကတော့ မန္တလေးရှမ်းခေါက်ဆွဲရဲ့ ထုံးစံအတိုင်း
- ရှမ်းခေါက်ဆွဲ အသုတ်
- ရှမ်းခေါက်ဆွဲ အရည်
- မြီးရှည်
- ဆန်ပြား
- တို့ဟူးပျော့  .... အစရှိသဖြင့်ပေါ့။
ဒီမှာက မြီးရှည်ဆိုတာနဲ့ မန္တလေးအထမ်းမြီးရှည်လို ကော်ရည်နဲ့ အသားနဲ့မဟုတ်ဘူးနော်။
ဟင်းနှစ် ပဲငပိနှစ် အသားချက် မြေပဲထောင်းတွေပါတဲ့ ရှမ်းမြီးရှည်မျိုးပဲ ဖြစ်ပါတယ်။

0

စထုတ်ကတည်းက ဒီနေ့ထိ မပြောင်းလဲတဲ့ ထုပ်ပိုးမှုပုံစံ

Admin N ကမန္တလေးကို ရောက်နေတာဆိုတော့ မန္တလေးက အစားအသောက်တွေကိုပဲ တင်ဖြစ်နေတယ်။
ကဲ .... ဒီတခါတော့ မန္တလေးကအပြန် ဘာမုန့်တွေဝယ်သွားရမလဲဆိုတာ ရေးမလားစိတ်ကူးတယ်။
မန္တလေးလို့ ပြောတာနဲ့ အရင်ဆုံးသတိရကြမှာက ထိုးမုန့်လို့ ထင်ပါတယ်။

ထိုးမုန့်တွေက တံဆိပ်အမျိုးမျိုး ရှိကြတဲ့အထဲကမှ Admin N အကြိုက်ဆုံးကတော့ ရွှေနှင်းဆီထိုးမုန့်ပါပဲ
ဟုတ်ကဲ့ ရွှေနှင်းဆီထိုးမုန့်ဆိုတဲ့အတိုင်း ထိုးမုန့်တစ်မျိုးထဲပဲ ရတာပါ။ ဆိုင်ကလဲ တော်တော်ရှာရခက်လို့ မန္တလေးသားတစ်ယောက်ယောက်ကို အကူအညီတောင်းမှ ရပါလိမ့်မယ်။
နေရာကတော့ ၂၈-၂၉လမ်းကြား ၈၂-၈၃ကြားက ရှင်ဥပဂုတ်ဝင်းထဲမှာပါ။
ဝင်းထိပ်မှာ နယူးအာရှဓါတ်ပုံတိုက်ဆိုတဲ့ ဆိုင်းဘုတ်ကြီးရှိပါတယ်။ ဝင်းထဲအထိဝင်သွားတာနဲ့ ရွှေနှင်းဆီထိုးမုန့်ဆိုတာကြီးကို တွေ့ရမှာပါ။

0

Wednesday, June 8, 2016



Foodaholic အမျိုးတို့ မင်္ဂလာပါ။
အခုလို မိုးအေးအေးရုံးပိတ်ရက်လေးမှာ အပြင်လဲမထွက်ချင် အိမ်မှာပဲလုပ်တဲ့ အသုတ်စုံစားချင်ကြတဲ့လူတွေအတွက် အသုပ်စုံလေးလုပ်စားကြဖို့ တင်ပေးလိုက်တယ်။ ကျနော်ကတော့ ကြာဇံမကြိုက်လို့ မထည့်ဘူး။ ကျန်တာတွေ အကုန်ထည့်သုတ်စားတဲ့ အသုတ်စုံပေါ့။
Admin N စားခဲ့တဲ့ ဒီအသုပ်စုံ ကိုယ်တိုင်သုပ်ကျွေးတာက နိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းပါ။
စားလို့တော်တော်ကောင်းတာကြောင့် နည်းလေးမေးခဲ့တယ်။
အသုပ်တွေမှာ အဓိကအရေးကြီးတာ အချဉ်ပါ။

0


တစ်လောက Admin T တစ်ယောက် မန္တလေးဘက် အလည်ရောက်တုန်း မုံရွာကိုသွားဖို့ အကြောင်းဖန်လာခဲ့တယ်။ Admin T မလိုက်လည်းဖြစ်တဲ့ ဒီခရီးကို အားကြိုးမာန်တက် လိုက်သွားမိတဲ့ အဓိက အကြောင်းကတော့ အညာဒေသတွေရဲ့ အစားအသောက်လေးတွေ တွေ့လိုတွေ့ငြား လိုက်ကြည့်လိုက်စားချင်မိတာကြောင့်ပါပဲ။ မန္တလေးကနေ မနက်ပိုင်းထွက်လာခဲ့တာ ညောင်ပင်ဝန်းရွာကိုရောက်တော့ နေ့လည် ထမင်းစားချိန်ဖြစ်နေပြီ။ ညောင်ပင်ဝိုင်းမှာက ခုလို မုံရွာဘက်ထွက်လာတဲ့ကားတွေ တစ်ထောက်နားလေ့ရှိကြတယ်။ အမှတ်တရ လက်ဆောင်၊ ဒေသထွက်အစားအစာလေးတွေ ဝယ်တဲ့နေရာဆိုလည်း မမှားဘူးပေါ့။ ဒီညောင်ပင်ဝန်းက နောက်တစ်ခု နာမည်ကြီးတဲ့အကြောင်းရှိသေးတယ်။ အဲဒါက မြန်မာထမင်းပုံစားအနေနဲ့ စားလို့ကောင်းသလို၊ အကြော်မျိုးစုံ ဝယ်စားလို့ရနိုင်တာပါပဲ။

0
Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box