Wednesday, June 8, 2016

မကြီးစန်း ကိုယ်တိုင်သုပ်ကျွေးတဲ့ Celebrity ခေါက်ဆွဲသုပ်



Foodaholic အမျိုးတို့ မင်္ဂလာပါ။
အခုလို မိုးအေးအေးရုံးပိတ်ရက်လေးမှာ အပြင်လဲမထွက်ချင် အိမ်မှာပဲလုပ်တဲ့ အသုတ်စုံစားချင်ကြတဲ့လူတွေအတွက် အသုပ်စုံလေးလုပ်စားကြဖို့ တင်ပေးလိုက်တယ်။ ကျနော်ကတော့ ကြာဇံမကြိုက်လို့ မထည့်ဘူး။ ကျန်တာတွေ အကုန်ထည့်သုတ်စားတဲ့ အသုတ်စုံပေါ့။
Admin N စားခဲ့တဲ့ ဒီအသုပ်စုံ ကိုယ်တိုင်သုပ်ကျွေးတာက နိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းပါ။
စားလို့တော်တော်ကောင်းတာကြောင့် နည်းလေးမေးခဲ့တယ်။
အသုပ်တွေမှာ အဓိကအရေးကြီးတာ အချဉ်ပါ။


မကြီးစန်းက အချဉ်ကိုစပ်တဲ့အခါ မန်ကျည်းမှည့်ကို ထန်းလျက်ထည့်ပီး ရေနည်းနည်းနဲ့ ပြုတ်ပါတယ်။ ပြီးတော့မှ အဲမန်ကျည်းသီးပြုတ်တွေကို အနှစ်ရအောင်တိုက်ပါတယ်။ မန်ကျည်းနှစ်တွေရပီဆိုရင် ညက်နေအောင်ထောင်းထားတဲ့ ဂျင်း ကြက်သွန်ဖြူထည့် ငြုပ်သီးစိမ်းလေးနဲနဲထည့်ပါတယ် ( အနံ့လေးသင်းနေအောင် )
ပြီးမှ ငြုပ်ချဉ်ရည် လောင်းပီးစပ်ပါတယ်။

ဆီချက်အနေနဲ့ ကြက်သွန်နီပါးပါးလှီးကို ဆီသတ် ဆနွင်းထည့်...
ကျက်ပီဆိုမှ ငြုပ်သီး အရောင်မှုန့်လေးထည့်လိုက်ပါတယ်။
ပဲမှုန့်အနေနဲ့တော့ အရီးတောင်းကပဲမှုန့်ကိုပဲ သုံးပါတယ်။ (ကြော်ငြာပေးတာမဟုတ်ဘူးနော်)

ငံပြာရည်ကိုလဲ ပွက်နေအောင် ကျိုပီးမှ အအေးခံထားပါတယ်။
ငြုပ်သီးမှုန့်ကလဲ အိမ်လှော်ထောင်း စစ်စစ်ဆိုတော့ ကောင်းလဲကောင်း ကျန်းမာရေးလဲစိတ်ချရတယ်။
ပီးတော့ ပုစွန်ခြောက်မှုန့်အကောင်းစား သုတ်တော့ အချိုမှုန့်မလိုအောင်ကောင်းပါတယ်။ (Admin N ကတော့ အချိုမှုန့်ထည့်ခိုင်းတယ်။ ပါးစပ်ထဲ အရသာစွဲနေလို့)။
သခွါးသီး အာလူးပြုတ် ပဲပင်ပေါက်ရေနွေးဖျော ဂေါ်ဖီပါးပါးလှီး သဘောင်္သီးစိမ်းတွေက မပါမဖြစ်ပေါ့။
ငါးဖယ်ကြော်ကလဲ ငါးဖယ်စစ်စစ်ခြစ်ပီးကြော်။
ပါးပါးလေးညှပ်ထည့်။







ဆီချက်

အချဉ်

ပုစွန်ခြောက်မှုန့်

ပဲမှုန့်

ငံပြာရည်

ငါးဖယ်ကြော်

နောက်ပီး ဒီအသုပ်စုံအရမ်းကောင်းတာရဲ့ လျှို့ဝှက်ချက်က မကြီးစန်းရဲ့လက်ဆနဲ့လက်ဆိပ်ပါ။ ဒါကတော့ ဘယ်သူမှလိုက်တုလို့မရတာပေါ့။

ဟင်းခါးကတော့ ဆီနည်းနည်းလေးနဲ့ ကြက်သွန်ဖြူဆီသတ် ငါးပြုတ်ပီးနွှာထားတာထည့်။
ကျအောင်တည်ပီး ငြုတ်ကောင်းမှုန့်လေးခပ်တိုက်တော့ ကောင်းမှကောင်း။

Celebrity ခေါက်ဆွဲသုပ်

အသုပ်စုံအပြင် ငါးဖယ်လုံးမုန့်ဟင်းခါး ဝက်သားတုတ်ထိုးလေးပါကျွေးတော့ ဗိုက်ကို တင်းကားရော။
နောက်တော့မှ အဲတာတွေလုပ်တဲ့နည်းကို မေးခဲ့မယ်။
မကြီးစန်းအသုတ်စုံကို လူတွေနာမည်ပေးထားတာတော့ Celebrityအသုပ်စုံ တဲ့ ... (Celebrity တော်တော်များများကြိုက်ကြလို့ ခဏခဏလုပ်ကျွေးရတဲ့ အသုပ်စုံမို့လို့)။

No comments:

Post a Comment

Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box