Monday, June 27, 2016

ဆိုင်သစ်ရဲ့ အပြင်အဆင်

Foodaholic က Admin တွေဆီကို ဖိတ်စာရောက်နေတာ ကြာပြီ။ မနက် အိပ်ရာနိုးမှ ကောက်ခါငင်ကာ သတိရသွားတတ်တာ Admin T ရဲ့ အကျင့်။
ဒီနေ့ မြန်မာပလာဇာ၊ တတိယထပ်မှာ The Pizza Company ဆိုင်ခွဲသစ်ဖွင့်ပွဲ ရှိတယ်ဆိုတာ သတိရမိချိန်က နေ့လည် ၁၀ နာရီကျော်နေပြီ။ ပွဲက ၁၁ နာရီမှ စမှာမို့ ကမန်းကတန်း မောင်းပြေးရတယ်။ Admin N လည်း သတိကောင်းတော့ လာနေပြီလား ဖုန်းဆက်မှ ပွဲက ဘယ်အချိန်လဲတဲ့။ ဒါဆိုလည်း ချိန်းဖို့ မမီနိုင်တော့လို့ တစ်ယောက်တည်း ဒိုးလိုက်တော့မယ်ဆိုပြီး Admin T ပဲ ထွက်လာခဲ့လိုက်တယ်။ မနက် ၁၁ နာရီဝန်းကျင်ဆိုတော့ ကားတော့ အတော်ရှင်းသား။

0

Thursday, June 9, 2016



Foodaholic Myanmar Page ရဲ့ပထမဆုံးသော Review အတွက် ရေးဖြစ်ခဲ့တဲ့ ဆိုင်ကတော့ မန္တလေးကလူတွေ အသည်းစွဲမနက်စာဖြစ်တဲ့ ရှမ်းခေါက်ဆွဲရောင်းတဲ့ဆိုင်လေးပါ။
ဆိုင်နာမည်က ပါလေကာ တဲ့ ....

နေရာကတော့ မန္တလေးတက္ကသိုလ်သွားတဲ့ မိန်းလမ်း Friendလက်ဘက်ရည်ဆိုင်နဲ့ မျက်စောင်းထိုးလမ်းကြားထဲက ဆိုင်လေးပါ။
ဆိုင်မှာရနိုင်တာကတော့ မန္တလေးရှမ်းခေါက်ဆွဲရဲ့ ထုံးစံအတိုင်း
- ရှမ်းခေါက်ဆွဲ အသုတ်
- ရှမ်းခေါက်ဆွဲ အရည်
- မြီးရှည်
- ဆန်ပြား
- တို့ဟူးပျော့  .... အစရှိသဖြင့်ပေါ့။
ဒီမှာက မြီးရှည်ဆိုတာနဲ့ မန္တလေးအထမ်းမြီးရှည်လို ကော်ရည်နဲ့ အသားနဲ့မဟုတ်ဘူးနော်။
ဟင်းနှစ် ပဲငပိနှစ် အသားချက် မြေပဲထောင်းတွေပါတဲ့ ရှမ်းမြီးရှည်မျိုးပဲ ဖြစ်ပါတယ်။

0

စထုတ်ကတည်းက ဒီနေ့ထိ မပြောင်းလဲတဲ့ ထုပ်ပိုးမှုပုံစံ

Admin N ကမန္တလေးကို ရောက်နေတာဆိုတော့ မန္တလေးက အစားအသောက်တွေကိုပဲ တင်ဖြစ်နေတယ်။
ကဲ .... ဒီတခါတော့ မန္တလေးကအပြန် ဘာမုန့်တွေဝယ်သွားရမလဲဆိုတာ ရေးမလားစိတ်ကူးတယ်။
မန္တလေးလို့ ပြောတာနဲ့ အရင်ဆုံးသတိရကြမှာက ထိုးမုန့်လို့ ထင်ပါတယ်။

ထိုးမုန့်တွေက တံဆိပ်အမျိုးမျိုး ရှိကြတဲ့အထဲကမှ Admin N အကြိုက်ဆုံးကတော့ ရွှေနှင်းဆီထိုးမုန့်ပါပဲ
ဟုတ်ကဲ့ ရွှေနှင်းဆီထိုးမုန့်ဆိုတဲ့အတိုင်း ထိုးမုန့်တစ်မျိုးထဲပဲ ရတာပါ။ ဆိုင်ကလဲ တော်တော်ရှာရခက်လို့ မန္တလေးသားတစ်ယောက်ယောက်ကို အကူအညီတောင်းမှ ရပါလိမ့်မယ်။
နေရာကတော့ ၂၈-၂၉လမ်းကြား ၈၂-၈၃ကြားက ရှင်ဥပဂုတ်ဝင်းထဲမှာပါ။
ဝင်းထိပ်မှာ နယူးအာရှဓါတ်ပုံတိုက်ဆိုတဲ့ ဆိုင်းဘုတ်ကြီးရှိပါတယ်။ ဝင်းထဲအထိဝင်သွားတာနဲ့ ရွှေနှင်းဆီထိုးမုန့်ဆိုတာကြီးကို တွေ့ရမှာပါ။

0

Wednesday, June 8, 2016



Foodaholic အမျိုးတို့ မင်္ဂလာပါ။
အခုလို မိုးအေးအေးရုံးပိတ်ရက်လေးမှာ အပြင်လဲမထွက်ချင် အိမ်မှာပဲလုပ်တဲ့ အသုတ်စုံစားချင်ကြတဲ့လူတွေအတွက် အသုပ်စုံလေးလုပ်စားကြဖို့ တင်ပေးလိုက်တယ်။ ကျနော်ကတော့ ကြာဇံမကြိုက်လို့ မထည့်ဘူး။ ကျန်တာတွေ အကုန်ထည့်သုတ်စားတဲ့ အသုတ်စုံပေါ့။
Admin N စားခဲ့တဲ့ ဒီအသုပ်စုံ ကိုယ်တိုင်သုပ်ကျွေးတာက နိုင်ငံကျော် မိတ်ကပ်ပညာရှင် ခင်စန်းဝင်းပါ။
စားလို့တော်တော်ကောင်းတာကြောင့် နည်းလေးမေးခဲ့တယ်။
အသုပ်တွေမှာ အဓိကအရေးကြီးတာ အချဉ်ပါ။

0


တစ်လောက Admin T တစ်ယောက် မန္တလေးဘက် အလည်ရောက်တုန်း မုံရွာကိုသွားဖို့ အကြောင်းဖန်လာခဲ့တယ်။ Admin T မလိုက်လည်းဖြစ်တဲ့ ဒီခရီးကို အားကြိုးမာန်တက် လိုက်သွားမိတဲ့ အဓိက အကြောင်းကတော့ အညာဒေသတွေရဲ့ အစားအသောက်လေးတွေ တွေ့လိုတွေ့ငြား လိုက်ကြည့်လိုက်စားချင်မိတာကြောင့်ပါပဲ။ မန္တလေးကနေ မနက်ပိုင်းထွက်လာခဲ့တာ ညောင်ပင်ဝန်းရွာကိုရောက်တော့ နေ့လည် ထမင်းစားချိန်ဖြစ်နေပြီ။ ညောင်ပင်ဝိုင်းမှာက ခုလို မုံရွာဘက်ထွက်လာတဲ့ကားတွေ တစ်ထောက်နားလေ့ရှိကြတယ်။ အမှတ်တရ လက်ဆောင်၊ ဒေသထွက်အစားအစာလေးတွေ ဝယ်တဲ့နေရာဆိုလည်း မမှားဘူးပေါ့။ ဒီညောင်ပင်ဝန်းက နောက်တစ်ခု နာမည်ကြီးတဲ့အကြောင်းရှိသေးတယ်။ အဲဒါက မြန်မာထမင်းပုံစားအနေနဲ့ စားလို့ကောင်းသလို၊ အကြော်မျိုးစုံ ဝယ်စားလို့ရနိုင်တာပါပဲ။

0

Sunday, March 27, 2016


Foodaholic ရဲ့ Admin တွေအနေနဲ့ ဆိုင်တွေကို review ရေးတဲ့အခါ ဆိုင်အမျိုးအစား စုံစုံလင်လင်ဖြစ်အောင် အမြဲကြိုးစားပါတယ်။ ဈေးချိုပီးစားကောင်းတဲ့ Street Foods တွေပါသလို ဈေးသင့်တဲ့ဆိုင်တွေလဲပါပါတယ်။ ဈေးကြီးတဲ့ Premium Food တွေကိုကြိုက်တဲ့သူတွေအတွက်လဲ review ရေးဖို့ကြိုးစားပါတယ်။
အခု ဘာဖြစ်လို့ ဒီလိုစကားပလ္လင်တွေခံနေလဲဆိုတော့ အခုသွားစားမယ့်ဆိုင်က Rangoon Tea House ဖြစ်နေလို့ပါပဲ ...

0

Saturday, March 26, 2016


Admin T ရဲ့ အဘွားက Admin T တို့အိမ်ကို လာလည်ရင် တစ်ခါတလေ ချင်းရိုးရာ အစားအစာလေးတွေ သူက ဦးဆောင်ပြီး လုပ်ကျွေးလေ့ရှိပါတယ်။ ကျွန်တော်ကတော့ ရန်ကုန်အစားအစာတွေကို အမြဲထိတွေ့နေရတာ ကြာတော့ ချင်းရိုးရာ အစားအစာတွေက ကျွန်တော့ကို သိပ်ပြီးတော့ မဆွဲဆောင်နိုင်တာ မှန်ပေမယ့်၊ ကျန်းမာရေးအရရော၊ ရိုးရာထိန်းသိမ်းသင့်တဲ့ အစဉ်အလာတစ်ခုအရရော စားသင့်တယ်လို့တော့ ကျွန်တော် လက်ခံထားပါတယ်။

0


ကျွန်တော် Admin J ပါ။
ပို့စ်တွေမရေးဖြစ်တာလည်းကြာပီ.. တခြား Admin သူငယ်ချင်းတွေ အားကိုးနဲ့ အပျင်းကြီးနေတာ။ ခုတော့ ဈေးသက်သာပီး စားကောင်းတဲ့ ဆိုင်း လေးတစ်ဆိုင်တွေ့ထားလို့ လက်တို့ပီးတော့ ပြောပါရစေ။

0


မင်္ဂလာပါ... Admin Kပါ ခင်ဗျ.. လက်တို့ ကြော်ငြာလေး  ပြောပြမလို့...  မြန်မာပြည်က သူငယ်ချင်းတွေ မွေးနေ့ကိတ်တွေမှာရင် ပုံမှန် ပန်းကိတ်လို့ခေါ်တဲ့ cream ထူထူတွေနဲ့လုပ်ထားတဲ့ ကိတ်တွေကို မှာကြတာများပါတယ်.. ကျွန်တော်ကတော့ အဲဒီ ပန်းကိတ်တွေကို မကြိုက်ဖူး.. စားပြီးရင် လျှာထူပြီး ပါးစပ်ထဲ တစ်မျိုးကြီးဖြစ်ပြီးကျန်ခဲ့လို့..

0

Admin N တို့အဖွဲ့။  Admin J နဲ့ Admin Z လဲပါတယ် ....

Admin Nတို့သူငယ်ချင်းတတွေ အားတိုင်းသွားနေကျ နေရာတစ်ခုရှိတယ် ...
ချောင်းသာကမ်းခြေပါ။

သွားလာရလွယ်ကူတယ်။ အစားအသောက်တွေ စားကောင်းတဲ့အပြင် ဈေးလဲချိုတာလေ 
ချောင်းသာရွာထဲက ထမင်းချက်ပေးတဲ့ အမကြီးတွေက လက်ရာကောင်းတဲ့အပြင် စေတနာလဲကောင်းပါတယ်။ 

Admin N မှာစားနေကျ အမကြီးကတော့ မအေး လို့ခေါ်ပါတယ်။ မအေးက အရင်တုံးကတော့ ကမ်းခြေဆင်းပီး ရောင်းပေမယ့် အခုတော့ သူ့အိမ်ဆိုင်လေးဖွင့်ပီး အော်ဒါပဲ လက်ခံတော့တယ်။

ပင်လယ်စာ သုံးမျိုး အရွက်ကြော်တစ်မျိုး ငါးပိထောင်း ဟင်းရည်သောက် ထမင်း ပန်းကန်ဇွန်း အပါအဝင် တစ်ယောက်စာကို ၃၀၀၀ ပါ။
ပင်လယ်စာလေးမျိုးနဲ့ဆို ၃၅၀၀
ပင်လယ်စာ ငါးမျိုးနဲ့ဆို ၄၀၀၀ ပါ ...

ဖုံးဆက်ပီးမှာရတယ်။ Admin N တို့ကို ချက်ကျွေးနေကျဆိုတော့ မိသားစုလို ဖြစ်နေပါပီ။
သန့်ရှင်းလတ်ဆတ်လို့ တခါမှ ဝမ်းပျက်ဝမ်းလျှော မဖြစ်ဖူးပါဘူး။
တစ်ခုရှိတာက သူက မြန်မာဟင်းရခိုင်ဟင်းပဲရတာ။ ကျောက်ပုစွန်ကို ထောပတ်နဲ့ကင်တာတို့ကျတော့ သူမလုပ်တတ်ပါဘူး။ ပီးတော့ လူတွေက သူ့ကို စေတနာနည်းတယ်လို့ မထင်ရအောင် ဆီပေါပေါများများနဲ့ချက်တာကြောင့် ဆီမကြိုက်ရင် ဆီလျော့ချက်ခိုင်းရပါတယ်။

Admin N ဘာတွေစားခဲ့တယ်ဆိုတာတော့ အောက်ကပုံတွေမှာ စာနဲ့ရေးပြထားတယ်နော်။
ချောင်းသာရောက်လို့ မအေးကို ချက်ကျွေးခိုင်းမယ်ဆိုရင်တော့ 09422445668 ကိုဆက်ပီး မှာလို့ရပါတယ် ....


မအေးဆီက ဂဏာန်းခွက်ကြော်တွေက သေးတယ်
ဒါပေမဲ့ ကြက်သွန်နီမပါ ဂျင်းမပါဘဲ အသားချည်းပဲ အပြည့်ကြော်ထားတော့ သိပ်ကောင်းတယ်။ ရန်ကုန်ပြန်တိုင်းလဲ လက်ဆောင်အဖြစ်ဝယ်သွားနေကျပေါ့

ဒါကတော့ ကရင်းနဲ့ကြက်ဥ အချိုကြော်ပါ ...
တခါတလေမှရပါတယ်။ မနက်အစောဈေးထဝယ်ရတဲ့အပြင် လတ်ဆတ်မှ စားကောင်းတာကြောင့် နေ့လည်စာပဲ မှာစားတာကောင်းပါတယ်။ ဆိမ့်ဆိမ့်လေးနဲ့ ကျနော်အကြိုက်ဆုံးပါ

ဂုံးသုပ်ပါ ...

ဒါက ဂုံးယောက်မကို ချဉ်စပ်ချက်ထားတာ

ပုစွန်ဟင်းတစ်ခွက်ကတော့ မဖြစ်မနေမှာရပါမယ်။ ဒါလေးက ပုစွန်အချိုချက်ပါ

ဂဏာန်းသားကို ကြိုက်ပေမယ့် အသားထွင်စားရတာပျင်းလို့ ဂဏာန်းအသားထွင် မဆလာချက်ပဲ စားပါတယ်။ ပျော်ပျော်ပါးပါး ဂဏာန်းကိုက်စားချင်ရင် အကောင်လိုက်ချက်ခိုင်းပေါ့

ငါးသောက်ဆမ်းလေ
ချဉ်စပ်အရည်သောက်ဆိုတော့ အမြည်းအနေနဲ့လဲကောင်းတယ်။

ပုစွန်ချဉ်စပ်ဟင်း

ကျောက်ပွင့်သုတ်

ပြည်ကြီးငါးသုတ်

မရွတ်ခေါ်ခရုအချိုချက်

ငံပြာရည်ချက်နဲ့ သခွါးသီး

ငါးပိထောင်း

ကန်စွန်းရွက်ကြော်

ဗူးသီးဟင်းခါး

ပင်လယ်ငါးခြောက်

0

Pork Ham Baguette

Baguette ဆိုတာ ပြင်သစ်ပေါင်မုန့်အချောင်းထဲကို အသားတွေ အသီးအရွက်တွေ ထည့်စားရတာပေါ့။ Baguette စားလို့အရမ်းကောင်းတဲ့ဆိုင်တစ်ဆိုင် ပြောပြချင်တယ်။ ဒဂုံ၁ဘေးက နဝဒေလမ်းထဲက Sigon Cafe ပါ။ နေရာအရင်ပြောပြပေးမယ်။ ဒဂုံ၁ကျောင်းဘေးကဝင်ဝင်ချင်း လမ်းထိပ်နားပဲ
အနားမှာ ကုံးထက်ကြက်ဆီထမင်းရှိတယ်။
0


အမျိုးတို့ရေ
သင်္ကြန်နီးပီနော် ...
ဘာလုပ်ကြမှာတုံး ပြောကြပါဦး
Admin N တော့အခုထိ ဘာလုပ်ရမှန်းမသိသေးဘူး။
မဏ္ဍပ်ထိုင်ဖြစ်ရင်လဲ ပြန်လာတဲ့အခါ ညစာစားဖို့ စီစဉ်ရဦးမယ်။ အိမ်မှာနေဖြစ်ရင်လဲ ဘာစားရမလဲဆိုပီး အတွေးများရသေးတယ်။ ဒီတော့လဲ သင်္ကြန်တွင်း ဘယ်ဆိုင်တွေ ဖွင့်မယ်စုံစမ်းရသေး
ဆိုင်ဖွင့်ပြန်တော့လဲ ကားပိတ်တာရယ် ကားငှားမရတဲ့ပြသာနာရယ်နဲ့ တော်တော်စိတ်ညစ်ရတယ်။
ဒီတော့ အိမ်တိုင်ယာရောက်လာပို့ပေးမယ့်ဆိုင်တွေ စုံစမ်းရတာပေါ့။
0

ဆိုင်နာမည်ရယ်လို့ မတွေ့ရဘဲ ခုလို ရေးထားတာလေးပဲ တွေ့ရတယ်။ ကိုယ်ပဲ လျှမ်းသလားတော့ မသိ။
Street Food လေးတွေ စားရတာလည်း တစ်ခါတလေ ဆိုင်ကြီးတွေမှာ စားရတာထက် ပိုကောင်းနေတတ်တယ်။ လမ်းဘေးဆိုင်ဆိုပြီးလည်း အထင်သေးမရတဲ့ လက်ရာတွေရှိတယ်ပေါ့လေ။ Admin T က ရခိုင်မုန့်တီကိုတော့ လမ်းဘေးဆိုင်လေးတွေမှာ စားသောက်ဖူးပေမယ့် တခြား ရခိုင်ဟင်းတွေကိုတော့ လမ်းဘေးဆိုင်လေးတွေမှာ မစားဖူးသေးဘူး။ ဒီတစ်ခါတော့ တိုက်တိုက်ဆိုင်ဆိုင် အရင်တစ်ခါ ရေးခဲ့ဖူးတဲ့ လှိုင်တက္ကသိုလ်များနယ်မြေထဲက ထိပ်တန်း ဝက်သားတုတ်ထိုးဆိုင်နဲ့ ကပ်ရက်မှာ ရှိတဲ့ ရခိုင်အစားအစာဆိုင်လေးကို ရောက်သွားတယ်။ ထိပ်တန်းဆိုင်လေး မရောက်ခင်တုန်းက ဒီဆိုင်လေးမှာ လူစည်ကားနေတတ်တာ တွေ့ပေမယ့် ထိပ်တန်းရောက်လာတော့ လူတွေ အာရုံပြောင်းသွားကြတယ်ထင်တယ်။ ခုမှ ရခိုင်အစားအစာဘက် ပြန်လှည့်ပြီး ပြန်စည်လာတယ်။

0

Friday, March 25, 2016


ကျနော်ကတော့ အပြင်မှာထိုင်ရတာပိုကြိုက်တယ်

ဒီဆိုင်လေးကလဲ သင်္ကြန်တွင်းဖွင့်ပါမယ်တဲ့
ဆိုင်အသစ်လေးပါ 
နောက်ပီး အထူးအစီအစဉ်အနေနဲ့ ဒီပို့စ်လေးကို မိမိwallပေါ်မှာရှဲပါ။ နောက်ပီး ဆိုင်ကိုလာစားတဲ့အခါ Check in ဝင်ပါ။ ဒါဆိုရင် မိမိစားသမျှရဲ့ 10% discount ပေးပါမယ်လို့ပြောထားပါတယ်။
April လကုန်အထိပဲနော်
ဒီဆိုင်က အင်းလျားလမ်းနဲ့နီးတာမို့ ပြည်လမ်းဘက်ကဏ္ဍပ်အပြန်တွေ နေ့လည်စာချိန်တွေမှာ လာစားလို့ အဆင်ပြေမှာပါ
ဆိုင်နာမည်က 
the Gallery CAFE ပါ
လိပ်စာက 98(C) အင်းလျားလမ်းပါ ...
အနီးစပ်ဆုံးပြောရရင် Bar Dubai ရဲ့ဘေးကပ်လျက်
လမ်းထိပ်မှာ Technoland ဆိုတဲ့ဆိုင်ရှိပါတယ်။
0

ကလောမြို့မဈေးကြီး ကို မုခ်ဦးကနေ ဝင်ဝင်လိုက်ချင်း အခုလို မြင်ရပါလိမ့်မယ်။
အဓိကဈေးလမ်းကြီးကနေ ပထမဆုံးတွေ့တဲ့ ညာဘက်က လမ်းခွဲလေးကို ဝင်လိုက်တာနဲ့ ကလောမြို့မဈေး စားသောက်တန်းကို ရောက်ပါလိမ့်မယ်။
အရမ်းသာယာတဲ့ ကလောမြို့လေးကို Admin T တော့ ရောက်သွားပြီ။
မနက်အစောကြီး မိုးမလင်းခင် Express ကားက ကလောကိုဝင်တော့ ဆောင်းတွင်းအေးအေးကြီးမှာ Admin T တစ်ယောက် ဟိုတယ်ခန်းမရနိုင်လို့ ဒုက္ခရောက်နေတယ်။

ဟိုတယ်အခန်းရပြန်တော့လည်း ထွက်မယ့်ဧည့်သည်ကို စောင့်ရမှာမို့ မနက် ၈ နာရီလောက်မှ အခန်းဝင်လို့ရမယ်ဆိုတော့ ဟိုတယ်ဧည့်ခန်းလေးမှာ ဖြစ်သလို လှဲရင်းစောင့်နေရတယ်။ ဒါနဲ့ မနက် ၆ နာရီထိုးတော့ လူက ပျင်းလာပြီ။ ဗိုက်ကလည်း ဟာလာပြီ။ သူတို့ဟိုတယ်မှာလည်း မစားချင်တော့ ဟိုတယ်က ဝန်ထမ်းတွေကို မေးရတယ် အနီးအပါးမှာ ဘာဆိုင်ရှိသလဲပေါ့။ ဝန်ထမ်းတွေက သဘောကောင်းကြပါတယ်။ သူတို့ဟိုတယ်ကနေ လမ်းမကြီးအတိုင်း ဆက်လျှောက်သွားရင် ကလောမြို့မဈေးကြီး ရှိတယ်တဲ့။ အဲဒီမှာ စားစရာ ရတယ်ဆိုလို့ အထုတ်တွေအပ်ပြီး ကျွန်တော်လည်း ဝမ်းသာအားရ ထွက်လာခဲ့တယ်။
0
Foodaholic Myanmar. Powered by Blogger.

နှုတ်ခွန်းဆက်စကား

အလည်လာရောက်ကြသူအပေါင်း....
ရွှင်လန်းချမ်းမြေ့ကြပါစေ။

Authors

authorကျွန်တော်တို့တွေ အစားအသောက်ချစ်သူများအတွက် ကျွန်တော်တို့ ခံစားမြင်တွေ့သုံးဆောင်ရတဲ့အတိုင်း ရေးသားပေးနေကြပါတယ်။
Learn More ?



Facebook like box